မိုင်းယု ၂၃ မေ  

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယုမြို့ လှေပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် သုံးနှစ်တစ်ကြိမ် ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို မေ ၂၂ ရက်၊ ညနေ ၃ နာရီခွဲက အဆိုပါမြို့၏ နမ့်လွေချောင်း သဲသောင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

000


    
အဆိုပါ ပြိုင်ပွဲတွင် ဝန်ထမ်းပေါင်းစုံအဖွဲ့၊ အမှတ် ၁၀ဝ၈ နယ်ခြားတပ်ရင်း အဖွဲ့(၁) နှင့် (၂)၊ မြို့မရပ်ကွက်အဖွဲ့၊ ဒေါင်နေကျေးရွာအဖွဲ့၊ ဒွန်းနွဲ့ကျေးရွာအဖွဲ့၊ တာကြန့်ကျေးရွာအဖွဲ့နှင့် ဝမ်နားဟွေကျေးရွာ အဖွဲ့ဟူ၍ အဖွဲ့ (၈) ဖွဲ့ ပါဝင်ကြပြီး ပထမဆုကို ဒေါင်နေကျေးရွာအဖွဲ့၊ ဒုတိယဆုကို ဒွန်းနွဲ့ကျေးရွာအဖွဲ့၊ တတိယဆုကို မြို့မရပ်ကွက်အဖွဲ့နှင့် ကျန်အဖွဲ့များအား နှစ်သိမ့်ဆုများရရှိခဲ့ရာ လှေပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ပြည့်ဖြိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


    
ယင်း လှေလှော်ပြိုင်ပွဲကို မေ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ မိုင်းယုမြို့ဘေးရှိ နမ့်လွေချောင်းအလယ် သဲသောင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ ပွဲတော်ရက်များအတွင်း အနယ်နယ်အရပ်ရပ်မှ ပွဲလည်ပတ်သူများ၊ ဈေးသည်များဖြင့် အထူးစည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။

 

ကိုကိုနိုင်(မိုင်းယု)

 

0005