မိုးညို ၂၀ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်တွင် မေလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော နေအိမ် ၁၆ လုံး၊ အမိုးလန် နေအိမ် ၉၅ လုံး တို့အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မိုးညိုမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပျက်စီးခဲ့သော ၁၁၁ လုံးအတွက် ငွေကျပ် ၃၇၀၆၅၀ဝ အားလည်းကောင်း၊ ပြိုလဲနေအိမ် (၁၆)လုံးအတွက် ပစ္စည်း(၁၆)မျိုးပါ ပလတ်စတစ်ပုံး (၁၆)ပုံးအားလည်းကောင်း၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်အောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာနမှ ဦးစီးမှူး ဦးမင်းသူမောင်နှင့်ဝန်ထမ်းများက လေဘေးသင့်ပြည်သူများအား တစ်အိမ်ထောင်ချင်းစီ ပေးအပ်ခဲ့ကြောင်း မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN