မိုးညှင်း​မြို့၌ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ၊ မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့်

မိုးညှင်း   ဇန်နဝါရီ   ၂၁

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ၊ မှတ်တမ်းတင် ဂုဏ်ပြုလွှာများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက စုပေါင်းရုံးရှိ ခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က အမှာစကားပြောကြားပြီး စီမံခန့်ခွဲရေး ဆိုင်ရာဆု၊ စီးပွားရေးဆိုင်ရာဆု၊ လူမှုရေးဆိုင်ရာဆုနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူ ၂၃ ဦးတို့ကို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုတံဆိပ်လက်မှတ်များ အသီးသီးချီးမြှင့်ခဲ့သည်။

 

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဆုရရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)