မိုးညှင်း ၂၉  ဇူလိုင် 


ကချင်ပြည်နယ် မိုးညှင်းမြို့ ဒီဂရီကောလိပ်တွင် မိုးညှင်းဒီဂရီကောလိပ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)အဆင့် သင်တန်းအမှတ်စဉ် ၆/၂၀၁၉ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြုလုပ်သည်။


အခမ်းအနားတွင် မိုးညှင်းဒီဂရီကောလိပ် ခေတ္တကျောင်းအုပ် ပါမောက္ခ/ဌာနမှူး ဒေါက်တာလွင်လွင် မြန်မာစာဌာနမှ အဖွင့်အမှာစကား ပြောကြားပြီး မိုးညှင်းမြို့နယ်ကြက်ခြေနီကြီးကြပ် မှုကော်မတီဥက္ကဌ ဦးတင်လှိုင်မှ သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည် ။


အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၁၀ တက်ရောက်ပြီး သင်တန်းကာလမှာ(၅)ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


နီတိုး