မိုးညှင်း ၂၆ ဇွန်
ကချင်ပြည်နယ် မိုးညှင်းမြို့ နမီးစုရပ်ကွက် ရွှေပြည်တော်ရုပ်ရှင်ရုံတွင် ဇွန်၂၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က "Teacher PO PO Pre School Monsoon Show & Students Got Talent " မှ ကျောင်းသား ကျောင်းသူလေးများ၏ စွမ်းရည်ပြပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် " Teacher PO PO Pre School Monsoon Show & Students Got Talent " မှ မန်နေဂျင်း ဒါရိုက်တာ ဦးမင်းကြည်က အခမ်းအနားကျင်းပပြုလုပ်ရခြင်းနှင့် ခေတ်မီတိုးတက်သော နိုင်ငံတစ်ခုဖြစ်လာစေနိုင်ရေးအတွက် ယနေ့လူငယ်နောင်ဝယ်လူကြီး ဆိုသကဲ့သို့ ထူးချွန်ထက်မြက်သော ပညာတတ်လူငယ် လူရွယ်များပေါ်ထွန်း လာစေရေးအတွက်ရည်ရွယ်၍ ရင်သွေးငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းကိုဖွင့် လှစ်ရခြင်းဖြစ်ကြောင်း စသည့် အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် Teacher PO PO Pre School Monsoon ကျောင်းအုပ်ဆရာမကြီးဒေါ်မို့မို့မင်ကြည်က အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းနှင့် အတန်းစဉ်လိုက် ပညာသင်ကြားနေမှုတို့ကို ရှင်လင်းပြောကြားခဲ့သည်။
ဆက်ဆက်၍ Teacher PO PO Pre School Monsoo ကျောင်းသား ကျောင်းသူလေးများ၏ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အဆိုပါ သင်တန်းကျောင်းတွင် အခြေခံအသက် ၃ နှစ်မှ ၅ နှစ်အထိ အတန်းစဉ်အလိုက် မူကြိုတန်းကလေးငယ်များအား အင်္ဂလိပ်စကားပြော အထူးဘာသာရပ်ဖြင့် သင်ကြားပြီး အခြေခံမြန်မာစာလည်း သင်ကြားပေးကြောင်း သိရသည်။
အဆိုပါ သင်တန်းကျောင်းကို မိုးညှင်းမြို့စိမ်းရတနာမွန်(တောင်)ရပ်ကွက်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ကျောင်းသား ကျောင်းသူ(၈၀)ဦးတို့ကို သင်ကြားလျက်ရှိကြောင်း သိရသည်။
MDN


