မိုးညှင်း ၁၆ ဇူလိုင်

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်း(၂၀)နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ(၁၀)တို့အတွက် အခြေခံပညာဦးစီးဌာနမှ ထောက်ပံ့သည့် ဗလာစာအုပ်များ ထပ်ဆင့်ထောက်ပံ့ပေးခြင်းကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ယနေ့နံနက်(၉)နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ယနေ့ကျင်းပသည့် အခြေခံပညာအထက်တန်းဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းဦးက အခြေခံပညာအထက်တန်းအဆင့်ကျောင်းများတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လက်ရှိ ဆောင်ရွက်ထားမှုအခြေအနေများနှင့် ကျောင်းများအလိုက် အဆင့်သတ်မှတ်ချက်များနှင့်အညီ အချိန်ခွဲခြားသင်ကြားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်ကျောင်းပေါင်း  ၂၀ နှင့်အထက်တန်း ကျောင်းခွဲ(၁၀)တို့အတွက် တစ်ကျောင်းလျှင် ဗလာစာအုပ်(၅)ဒါဇင်ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းများအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

မြို့နယ်တစ်မြို့နယ်လုံး အတိုင်းအတာအရ ယခုပညာသစ်နှစ်တွင် Grade 10 (သင်ရိုးသစ်) တက်ရောက်မည့် ကျောင်းသား/သူပေါင်း ၄၂၃၈ဦးနှင့် ဒသမတန်း(သင်ရိုးဟောင်း)တက်ရောက်မည့်  ကျောင်းသား/သူပေါင်း ၃၄၄၇ဦး ရှိကြောင်း မြို့နယ်ပညာရေးဦးစီးရုံးမှ သိရှိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)