မိုးညှင်း ၂၈ ဇွန်  


ကချင်ပြည်နယ်၊  မိုးညှင်းခရိုင်၊  မိုးညှင်းမြို့နယ် မြို့ပေါ်ကျောင်းတစ်ကျောင်းဖြစ်သော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာ့အလင်း ကျောင်းစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးခိုင်ဝေ၊ ကျောင်းအကျိုးတော်ဆောင် ဦးသိန်းအောင်၊ စည်ပင်သာယာ ရေးကော်မတီအတွင်းရေးမှူး ဦးစောဝင်းအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးတို့က ပညာ့အလင်း ကျောင်းစာကြည့်တိုက်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး စာကြည့်တိုက်အတွင်း စာအုပ်စာစောင် ခင်းကျင်းထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။


ဆက်လက်၍ စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို အောင်ဆန်းခန်းမ၌ ကျင်းပရာ မြို့နယ်ပညာရေးမှူးက အမှာစကား ပြောကြားပြီး အမှတ်(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွဲ့ က ကျောင်းစာကြည့်တိုက် ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက် အတွင်းထားရှိရန် လှူဒါန်းခဲ့သော ကွန်ပျူတာ အလှူရှင်၊ စာအုပ်စာစောင်အလှူရှင်များကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


ကျော်ကျော်ထွေး(မိုးညှင်း)