နေပြည်တော် ဇွန် ၆

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၅ ရက် နံနက် ၁၀ နာရီခွဲတွင်  ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ယန်းခကျေးရွာအနီးတွင် မောင်အေး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဇွန် ၄ ရက် ညနေ ၅ နာရီခွဲတွင်  တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ အားလောင်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ကွင်းဆက်အရ ညနေ ၅ နာရီတွင် တာချီလိတ် မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ကော့မကိန်ကျေးရွာအနီးတွင် အားကို့ အား စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀ ကိုလည်းကောင်း၊ ထို့ပြင် ဇွန် ၂ ရက် မွန်းလွဲ ၁၂ နာရီတွင်  သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာ အနီးတွင် ထက်မင်းလတ်(ခ)ကိုထက် မောင်းနှင်ပြီး မသီရိဝင်း(ခ)ဖြူတုတ် လိုက်ပါလာသည့် MITSUBISHU PAJERO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀,၀၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင် သူများဖြစ်ကြသည့် ကောင်းမြတ်ဟိန်း(ခ)ညီဖုန်အား ဇွန် ၃ ရက်နေ့ ညနေ ၄ နာရီ ခွဲတွင် ပြည်မြို့၊ နဝဒေးရပ်ကွက်၊ မြို့ရှောင်လမ်းရှိ စားသောက်ဆိုင်တွင် ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ ဦးကံသာ(ခ) ကျော်ကျော်နိုင် အား ညနေ ၅ နာရီတွင် ပြည်မြို့၊ ဆင်စုရပ်ကွက်ရှိ ဟိုတယ်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်