၂၀ မေ

 

ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်နှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်နှင့် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ပြည်သူ့စကားဝိုင်းများကို မြို့နယ်အချို့တွင် ကျင်းပလျက်ရှိသည်။

 

မက်မန်းမြို့

 

ရှမ်းပြည်နယ် မက်မန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ကို မတ်လ ၁၉ ရက် နံနက်(၈)နာရီခွဲက မက်မန်းမြို့နယ် ဝမ်စလောင်းကျေးရွာ ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

နနတ

 

ဆွေးနွေးပွဲတွင် ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတားများ ဖောက်လုပ် တည်ဆောက်ခြင်း၊ ကျေးလက်မီးလင်းရေး၊ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိရေး၊ လယ်ယာမြေဖော်ထုတ်ရေးနှင့် သီးနှံမျိုးကောင်း မျိုးသန့်နှင့်ပိုးသတ်ဆေး၊ စိုက်ပျိုးရေးနည်းစနစ်မှန်ကန်ရေး နည်းလမ်းများနှင့် သီးနှံဈေးကွက်များ ဖော်ထုတ်နိုင်ရေး၊ မွေးမြူရေးဆိုင်ရာ အကျိုးသက်ရောက်မည့် နည်းလမ်း များနှင့်တိရိစ္ဆာန်များ ကာကွယ်ဆေးထိုးနှံရေး၊  ကျန်းမာရေးဆိုင်ရာ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပညာရေး ဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးခဲ့ကြကြောင်း မက်မန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။ 

 

စုကလိမြို့

 

ထို့အပြင် စုကလိမြို့  စခန်းသစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင်လည်း ပြည်သူ့စကားဝိုင်းကို ပြုလုပ်ခဲ့ရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက သဘာဝပတ်ဝန်းကျင်ဆုံးရှုံးမှုမရှိစေရေး ပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်းပေးရေးနှင့် နှစ်ရှည်သစ်ပင်များ စိုက်ပျိုး ရေးကိစ္စများအား လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာမှ ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က မိုးကြိုး ဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကိစ္စရပ်များအားလည်းကောင်း စုကလိနယ်မြေစခန်းမှူး ရဲအုပ်ကျော်ဝင်းသူက မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ အားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်သန်းဦးက စိုက်ပျိုးရေးနည်းစနစ်ဆိုင်ရာနှင့် ငမြှေင်တောင်ပိုး ကြိုတင်ကာကွယ်ရေးအသိပညာပေးဆိုင်ရာများ ဆွေးနွေးခဲ့ကြကြောင်း စုကလိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

နတန္

 

ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)

 

အလားတူ ”သစ်ပင်စိုက်ပါ ဒို့ကမ္ဘာ သာယာလှပ စိမ်းမြမြ ” ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်းကို မေ ၁၉ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံး လူထု အခြေပြုဗဟိုဌာ၌ ကျင်းပခဲ့ရာ အင်းစိန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုး၊ Clean Yangon မှ ဦးစည်သူလွင်၊ Woman Club အဖွဲ့ခေါင်းဆောင် ဒေါ်ခင်နွဲ့မူ၊ အင်းစိန်မြို့နယ် သတင်းစာဆရာ အသင်းနှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဌ ဦးဘိုကြည်တို့က ရွေးချယ်စိုက်ပျိုးရမည့် သစ်ပင်အမျိုး အစားများနှင့် စိုက်ပျိုးပြီးသစ်ပင်များရှင်သန်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် နည်းလမ်းများကို ဆွေးနွေး ခဲ ့ကြကြောင်း သိရသည်။

 

MDN

 

ိ

 

 

နတန်