ကသာ ၂၁ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအား ကသာခရိုင်နှင့် ကောလင်းခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် မဲရုံမှူးသင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ(၂၁)ရက် နံနက်ပိုင်းက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါအစည်းအဝေးတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအံ့ကျော်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးအောင်မင်းဦးက ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် မဲရုံမှူးသင်တန်းများ ဖွင့်လှစ်မည့် အကြောင်းအရာများ၊ မဲရုံမှူးသင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအနေဖြင့် မိမိတို့ တာဝန်ကျရာ ဒေသအသီးသီးသို့ သွားရောက်ကြီးကြပ်ဆောင်ရွက်ရန်နှင့် ထိုသို့သွားရောက်ပါက လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် သွားလာရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ယင်းနောက် အစည်းအဝေးတက်ရောက်လာသော ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက မဲရုံမှူးသင်တန်းများ ဖွင့်လှစ်ချိန်တွင် သွားရောက်ကြီးကြပ်နိုင်ရေးအတွက် မိမိတို့ တာဝန်ကျရာ ဒေသများသို့ သွားရောက်မည့် အခြေအနေများကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)