ညောင်ဦး    ၁   ဒီဇင်ဘာ      

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ် မှန်တောကျေးရွာတွင် အဝီစိစက်ရေတွင်း ချွတ်ယွင်းပျက်စီးသွားသဖြင့် ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်ကြုံတွေ့နေကြောင်း သိရ၍ ယနေ့ နံနက် ၉ နာရီခွဲက ညောင်ဦးမြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဦးနှင့် ဝန်ထမ်းများအဖွဲ့က သောက်သုံးရေများ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ် မှန်တောကျေးရွာသည် အိမ်ခြေ ၉၂ အိမ်၊ လူဦးရေ ၆၄၁ ဦးရှိကြောင်း သိရပြီး ကျေးလက်နေ ပြည်သူများမှာ သောက်သုံးရေအတွက် ကျေးရွာရှိ အဝီစိစက်ရေတွင်းအား မှီခိုအားထားပြုနေရကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းက ကျေးရွာရှိ အဝီစိစက်ရေတွင်းမှာ ချွတ်ယွင်းပျက်စီးသွားသဖြင့် ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရကြောင်း သိရ၍ ညောင်ဦးမြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဦးနှင့် ဝန်ထမ်းများအဖွဲ့က ဒေသခံ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေဂါလန် ၃၆၀၀ ကို အိမ်ထောင်စုအလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင်(ညောင်ဦး)