နေပြည်တော် မေ ၁၂

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ စစ်ကိုင်းခရိုင်မှ ဦးစီးဆောင်ရွက်သည့် ၂၀၂၂ ခုနှစ် မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းမြို့ နယ်မြေခံ သံချပ်ကာစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်နယ်မြေ ကျေးရွာသုံးထင်းစိုက်ခင်း (၁/၂၀၂၂) (၃၅)ဧကအတွင်း၌ မေ ၉ ရက်က ကျင်းပခဲ့သည်။

အဆိုပါ မိုးကြိုသစ်ပင်စိုက်ပွဲတွင် နယ်မြေခံ သံချပ်ကာစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ တာဝန်ရှိသူများ၊ စစ်ကိုင်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တပ်ဖွဲ့ဝင်မိသားစုများ၊ ဒေသခံပြည်သူလူထု၊ စုစုပေါင်း အင်အား (၂၃၃)ဦး တက်ရောက်ခဲ့ပြီး တမာပင် (၁၅၀၀)နှင့် မဲဇလီပင် (၁၅၀၀) စုစုပေါင်း အပင်(၃၀၀၀) ရေလောင်းစိုက်ပျိုးခဲ့သည်။

သတင်းစဉ်