ပုသိမ်       ဇူလိုင်       ၂၁

 

ဧရာ၀တီတိုင်းဒေသကြီး အနိမ့်ပိုင်းဒေသများတွင် ရွှေခရုများ နှစ်စဉ်ကျရောက်မှုကြောင့်  စပါးပင်များ ပျက်စီးလျက်ရှိကြောင်း သိရသည်။

 

တောင်သူများအနေဖြင့် ရွှေခရုများကို လူအားဖြင့် ရနိုင်သမျှကောက်ခြင်း၊ လယ်ကွက်အတွင်း ဝါး (သို့) သစ်တိုင်ဟောင်းများ လယ်ကွက်အတွင်းစိုက်ကာ သဘာဝအရ တိုင်ပေါ်တက် ဥ ဥသည့်အချိန်တွင် ယူငင်ဖျက်ဆီးခြင်း၊ လယ်ကွက်ထောင့်များတွင် ကျင်းတူးကာ သရက်သီးမှည့်၊ မုန်လာဥနီများ အနံ့မွှေးသော အသီးအရွက်များကို ၎င်းကျင်းထဲ ချထားပြီး အစာဖြင့် ထောင်ဖမ်းခြင်းအပြင် နီးစပ်ရာ စိုက်ပျိုးရေးဌာနသို့ ဆက်သွယ်ကာ အကူညီရယူခြင်းများဖြင့် နှိမ်နင်းနိုင်မည်ဖြစ်သည်။

 

ရွှေခရုများကို ကြိုတင်ကာကွယ်လိုပါက စပါးစိုက်ပျိုးမည့် လယ်ယာမြေများအား ထယ်ရေး ကြိုတင်ပြင်၍ ထုံးတစ်ဧက ပေါင် ၁၅၀ စုပေါင်းထည့်ခြင်း၊ ဆေးရွက်ကြီးမှုန့်၊ ခရုသတ်ဆေးမှုန့်များ ကြိုတင်ထည့်သွင်းခြင်း၊ လယ်ကန်သင်းများ  ပြုပြင်၍ ရေစီးဖြင့် ရွှေခရုဝင်ရောက်လာနိုင်သော မြောင်း၊ ကတွတ်ပေါက်များ ပိတ်ဆို့ခြင်း၊ ပိုက်တန်ခါများခံခြင်း၊ဘဲလွှတ်ကျောင်းခြင်း၊ အသိပညာများ ဝေမျှခြင်းနှင့် စုပေါင်းလုပ်ဆောင်ခြင်းများ ပြုလုပ်နိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မြင့်ဟန်(ပြန်/ဆက်)