ရန်ကုန်  ၂၂    ဇွန်  

 

မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်အမှတ် ၆ ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မြို့နယ်မိခင်နှင့်ကလေးဥက္ကဋ္ဌ ဒေါ်အေးသန္တာထွန်းနှင့် အဖွဲ့မြို့နယ် ဒေသန္တရဆေးခန်းမှ ဘက်စုံသားဖွားဆရာမနှင့် တာဝန်ရှိသူများ ဦးဆောင်၍ ခြင်ခိုအောင်းနိုင်သော နေရာများ ရေအိုးများ အုတ်ရေကန်များ၊ ဘုရားညောင်ရေအိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လှလှထွေး(ပြန်/ဆက်)