မြို့သစ် ၃၀ စက်တင်ဘာ
မကွေးခရိုင်၊ မြို့သစ်မြို့တွင် စည်ပင်သာယာရေးအဖွဲ့၏ စည်ပင်သာယာစျေး၊ အခွန်လွတ်စျေး ၊ ယာယီ ပျံကျစျေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်နေရာများ၌ ရောင်းချမှု ရှိ / မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
စျေးများအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမဖြစ် ပေါ်စေရန် စျေးအနီးလမ်းဘေးဝဲယာတွင် ယာယီစျေးကို စည်ပင်သာယာရေးအဖွဲ့မှ စျေးရောင်းသူများ တစ်ဦးနှင့်တစ်ဦး (၆)ပေကွာရောင်းချနိုင်ရေး သတ်မှတ်ထားသော နေရာများတွင် ရောင်းချမှု ရှိ / မရှိ စစ်ဆေးခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စည်ပင်သာယာရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အသိပညာပေးခြင်း နှင့် နောက်တစ်ကြိမ်စစ်ဆေးမှုများ ပြုလုပ်ရာတွင် ယာယီပျံကျစျေးသည်များအနေဖြင့် သတ်မှတ်နေရာများ တွင် ရောင်းချရန် လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။
သန်းဝင်းထွန်း(ပြန် /ဆက်)