မြို့သစ် အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှုသည် ယမန်နေ့နံနက်ပိုင်းက လျော့နည်းကျဆင်းရာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည် မြင့်တက်လာကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံသည် ယမန်နေ့နံနက်ပိုင်းက ရေပြည့်အမှတ်ထက် ( သုည ဒသမ နှစ်ပေခန့်) ရေပိုလွှဲမှ ရေကျော်ကျမှုရှိရာမှ ယနေ့နံနက်ပိုင်းတွင်( တစ်ပေခန့် ) မြင့်တက်လာပြီး စွန် ဆည်ရေလှောင်တမံသည် ယမန်နေ့နံနက်ပိုင်းက (သုည ဒသမ တစ်ပေခန့် ) ရေပိုလွှဲမှ ရေကျော်ကျ မှုရှိရာမှ ယနေ့နံနက်ပိုင်းတွင် (သုည ဒသမ ကိုးပေခန့်) ရေပိုလွှဲမှ ရေကျော်ကျမှု ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
ဆဒ္ဒန်ဆည်နှင့်စွန်ဆည်ရေလှောင်တမံ၏ ရေပိုလွှဲမှ ရေကျော်ကျမှု ပြန်လည်မြင့်တက်သော်လည်း ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)