မြို့သစ်   ၁၂  ဧပြီ 

ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုမဖြစ်ပွားစေရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့  ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးမှ ပေးပို့လှူဒါန်းသည့် နှာခေါင်းစည်း (Mask)များအား မြို့နယ်စည်ပင်သာယာစျေးအတွင်းရှိ စျေးရောင်းသူ၊ စျေးဝယ်သူများအား ယမန်နေ့နံနက် ၈ နာရီက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဆန်းဝင်းနှင့်ဝန်ထမ်းများ၊  မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ  ဦးမိုးဇော်ဦး၊     မြို့နယ်ကြက်ခြေနီအဖွဲ့  ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊    မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး  ဦးထိန်လင်းကျော်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးမှ လှူဒါန်းသည့်  ကိုဗစ် - ၁၉  ရောဂါ  ကာကွယ်တားဆီးရေးအတွက်  လိုအပ်သည့် နှာခေါင်းစည်း (Mask)   အခုရေ ( ၁၀၀၀) အား စျေးရောင်းသူ၊ စျေးဝယ်သူများအား ကိုယ်တိုင်တပ်ဆင်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။    

 

ဝင်းအိဇွန် ( ပြန် /ဆက် )