မြို့သစ် ၁၂ ဧပြီ
ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုမဖြစ်ပွားစေရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးမှ ပေးပို့လှူဒါန်းသည့် နှာခေါင်းစည်း (Mask)များအား မြို့နယ်စည်ပင်သာယာစျေးအတွင်းရှိ စျေးရောင်းသူ၊ စျေးဝယ်သူများအား ယမန်နေ့နံနက် ၈ နာရီက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဆန်းဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်ဦး၊ မြို့နယ်ကြက်ခြေနီအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးထိန်လင်းကျော်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးမှ လှူဒါန်းသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် လိုအပ်သည့် နှာခေါင်းစည်း (Mask) အခုရေ ( ၁၀၀၀) အား စျေးရောင်းသူ၊ စျေးဝယ်သူများအား ကိုယ်တိုင်တပ်ဆင်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် ( ပြန် /ဆက် )


