မြို့သစ် ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မြို့သစ်မြို့နယ်ဂေါပကအဖွဲ့ကကြီးမှူး၍ ဧပြီ ၁၇ ရက် နံနက် ၇ နာရီက မြို့သစ်မြို့ ဗိုလ်ချုပ်လမ်း၌ ကျင်းပသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်လှူပွဲတွင် မြို့ဦကျောင်းကြီးဆရာတော်အမှူးပြုသော သံဃာတော်များနှင့် ရှင်သာမဏေ အပါး(၃၀၀)ကျော်တို့က ဗိုလ်ချုပ်လမ်းတစ်လျှောက် အလှူခံကြရာ စေတနာရှင်၊ အလှူရှင် ပြည်သူ များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တုများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်ဆက်)