မြို့သစ် ၊ ၁၅ ဒီဇင်ဘာ
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ၊ ကျန်းမာရေးဌာနမှ မျိုးဆက်ပွားကျန်းမာရေးမြှင့်တင်မှုစီမံ ချက် Township CSO Meeting ဆွေးနွေးပွဲကို မကွေးခရိုင် မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးမှ အဖွင့်အမှာစကားပြောကြား ပြီး ကျန်းမာရေးမှူး ဦးမျိုးဇော်အောင်မှ ကျန်းမာရေးလုပ်ငန်းဆိုင်ရာများကိုလည်းကောင်း ၊ မြို့နယ်ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဦးတင်လှမှ အသင်း၏ လုပ်ငန်းဆောင်တာများကိုလည်းကောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သတ်၍ အပြန်အလှန်ညှိနှိုင်းခဲ့ကြသည်။
မျိုးဆက်ပွား ကျန်းမာရေးမြှင့်တင်မှုစီမံချက် Township CSO Meeting ဆွေးနွေးပွဲသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး ၊ မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအကြီး အကဲများ စုစုပေါင်းအင်အား(၂၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း( ပြန်/ဆက်)


