မြို့သစ် ၊  ၁၅  ဒီဇင်ဘာ

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ၊    ကျန်းမာရေးဌာနမှ မျိုးဆက်ပွားကျန်းမာရေးမြှင့်တင်မှုစီမံ ချက် Township CSO   Meeting ဆွေးနွေးပွဲကို မကွေးခရိုင် မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးမှ အဖွင့်အမှာစကားပြောကြား ပြီး ကျန်းမာရေးမှူး ဦးမျိုးဇော်အောင်မှ ကျန်းမာရေးလုပ်ငန်းဆိုင်ရာများကိုလည်းကောင်း  ၊ မြို့နယ်ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဦးတင်လှမှ အသင်း၏ လုပ်ငန်းဆောင်တာများကိုလည်းကောင်း  ဆွေးနွေး ပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် တက်ရောက်လာသည့်  ဌာနဆိုင်ရာအကြီးအကဲများ ၊   အရပ်ဖက် လူ့အဖွဲ့အစည်းများက ၎င်းတို့၏  လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သတ်၍ အပြန်အလှန်ညှိနှိုင်းခဲ့ကြသည်။

 

မျိုးဆက်ပွား ကျန်းမာရေးမြှင့်တင်မှုစီမံချက် Township CSO Meeting ဆွေးနွေးပွဲသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး ၊ မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအကြီး အကဲများ စုစုပေါင်းအင်အား(၂၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သန်းဝင်းထွန်း( ပြန်/ဆက်)