သာပေါင်း ၁၄ ဩဂုတ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူး ဦးသာနိုင်အောင်နှင့် တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကျုံတဒွန်းကျေးရွာအုပ်စု၊ အရှေ့ထန်းတပင်ကျေးရွာ၌ ဩဂုတ်လ ၉ ရက်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ)ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ(၈၄၀ဝ)၊ စုစုပေါင်းရန်ပုံငွေ (၁၀၈၄၀ဝ)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)အိမ်ထောင်စုစာ (၃၄၇၅၃)တို့ကို  ယနေ့နံနက် ၁၀ နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူး ဦးသာနိုင်အောင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ လေဘေးသင့်ပြည်သူ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)