နေပြည်တော် ၂၇ မေ 
    

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း မေလ ၂၄ ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပျက်စီးခဲ့သည့်အိမ်ထောင်စုများထံသို့ မေလ ၂၇ ရက် မွန်းလွဲ ၃ နာရီအချိန်တွင်သွားရောက်၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။                    


အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် ဇေယျာသီရိမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်း၊ ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်၊ ဌာနဆိုင်ရာများနှင့် မြို့နယ်အဆင့်ပါတီဥက္ကဋ္ဌများက သွားရောက်ကာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် ခေတ်အေးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၇)ရွာမှ အိမ်ထောင်စု (၉၉)စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၃၅၇၆၀ဝ၀)ကျပ်၊  လူဦးရေ (၃၉၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၈၃၅၈၀ဝ)ကျပ်နှင့် တဲကုန်းဘုန်းတော်ကြီးကျောင်းအတွက်(၅၀ဝ၀ဝ) ကျပ် စုစုပေါင်း (၄၄၆၁၈၀ဝ)ကျပ်ကိုလည်းကောင်း၊ နန်းသြကျေးရွာအုပ်စု၊ နန်းသြကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စု (၂၀) စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ(၈၀၂၀ဝ၀)ကျပ်၊ လူဦးရေ(၇၀)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၄၇၀ဝ၀)ကျပ် နှင့် နန်းသြကျေးရွာဘုန်းတော်ကြီးကျောင်းအတွက် (၉၀ဝ၀ဝ)ကျပ် စုစုပေါင်း  (၁၀၃၉၀ဝ၀) ကျပ်ကိုလည်းကောင်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


မြို့နယ်(ပြန်/ဆက်)

1