ဆဒုံး ၁၂ စက်တင်ဘာ
ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲချိန်ခန့်တွင် ဝိုင်းမော်-ဆဒုံး -ကန်ပိုက်တီ ကားလမ်းသွားလမ်းမကြီး တံတားညီနောင်အနီး ယခင်ကမ်းပါးပြိုကျသည့်နေရာ ကီလိုမီတာ(၉၀/၉၁) ကြား လမ်းမ၏ ယာဘက်ခြမ်းတွင် တောင်ကမ်းပါးပြိုကျလာမှုကြောင့် အလျား ပေ ၁၅၀၊ အနံ ၂၅ ပေ၊ အမြင့် ၁၅ ပေခန့်ရှိ မြေစာနှင့်ကျောက်တုံး ကျောက်ခဲများ ပိတ်ဆို့ထားသွားသဖြင့် ခရီးသွားယာဉ် နှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရှိရသည်။
ကမ်းပါးပြိုကျမှုကြောင့် ပိတ်ဆို့သွားသည့်နေရာအား ရှင်းလင်းနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းမော်-ဆဒုံး -ကန်ပိုက်တီ ကားလမ်းပြုပြင်ထိန်းသိမ်းရေး တာဝန်ယူထားသည့် ထိန်မိန်ကုမ္ပဏီမှ တာဝန်ရှိသူများအား ဆက်သွယ်အကြောင်းကြားထားကြောင်း သတင်းရရှိသည်။
ကျော်နိုင်ဌေး (ပြန်/ဆက်)


