မိုင်းရယ် ၉ စက်တင်ဘာ

၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ ၈ ရက်နေ့ညတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နားလီကျေးရွာအနီး နန်းကျိချောင်းရေများ၍ လမ်းကျော်မှုဖြစ်ပွားလျက်ရှိပါသည်။

 

အဆိုပါ လမ်းရေကျော်နေမှုမှာ မိုင်းရယ်-ကျေးသီးကားလမ်းပေါ်ရှိ မိုင်တိုင် ၅၁ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံအကြား လမ်းပေါ်သို့ ပေ ၁၅၀ ခန့် ရေကျော်လျက်ရှိပြီး ရေအနက် ၂ ပေခွဲခန့်ရှိသဖြင့် ယာဉ်ကြီးများသာ သွားလာနိုင်ပြီး ယာဉ်ငယ်များ သွားလာနိုင်ခြင်း မရှိသေးကြောင်းနှင့် လမ်းအထူးအဖွဲ့ (၆)နှင့် တပ်ရင်းတပ်ဖွဲ့များမှ ယာဉ်ကြီးများဖြင့် ဆိုင်ကယ်များအား တင်ဆောင်၍ ရေလွတ်ရာ ဘက်အခြမ်းသို့ ပို့ဆောင်ပေးလျက် ရှိပါသည်။ လက်ရှိအခြေအနေတွင် ရေများကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါ မိုင်းရယ်-ကျေးသီးကားလမ်းပေါ်ရှိ မိုင်တိုင် ၅၁ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံအကြား နန်းကျိချောင်းသည် မိုးများပါက နှစ်စဉ် ရေကျော်လျက်ရှိသည့် နေရာဖြစ်သည်။

မြို့နယ်ပြန်/ဆက်