ဆဒုံး  ၂၂  သြဂုတ်

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ ကန်ပိုက်တီမြို့နယ်တွင် သြဂုတ် ၁၃ ရက် ၁၈ ရက်၊ ၁၉ ရက် နေ့များ တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ကန်ပိုက်တီမြို့နယ်၊ ဝေါ့ချုံး ကျေးရွာအုပ်စု၊ ဒေသအခေါ် (အထက်ဘာတွန်) ကျေးရွာအနီးကီလိုမီတာ (၁၀၄/၁၀၅) ကြား ကားလမ်း ဘယ်ဘက်ခြမ်း ပဲ့ကျခြင်း၊ ဝေါ့ချုံးကျေးရွာအုပ်စု၊ ဝေမိုးကျေးရွာအထွက် အောက်ဘာတွန် ကီလိုမီတာ (၁၀၃/၁၀၄) ကြား၊ တံတားညီနောင်နေရာ ကီလိုမီတာ(၉၀/၉၁)ကြား၊ မြေပြိုကျခြင်းများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် သြဂုတ် ၁၉ ရက်နေ့ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ကီလိုမီတာ (၁၀၅) ခန့် နေရာတွင် ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီ ကားလမ်းမကြီး အလျား ပေ ၁၀၀ အနံ ပေ ၃၀ မြေသား ပျက်ကျမှုဖြစ်ပွားသဖြင့် မြန်မာ-တရုတ် ကုန် သွယ်ရေးလမ်းမကြီး ပြတ်တောက်သွားကြောင်း သတင်းရရှိသည်။ အဆိုပါ ကမ်းပါးပြိုကျပြီး လမ်းပိတ်ဆို့နေသည့် နေရာများအား လမ်းရှင်းလင်းရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံး ရှင်းလင်းလျှက်ရှိကြောင်းနှင့် အဆိုပါ ဖြစ်စဉ်ကြောင့် ခရီးသွားပြည်သူများ ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။

ကျော်နိုင်ဌေး (ပြန် /ဆက်)

 

IMG_20200822_085330