ဆဒုံး ၁၉ သြဂုတ်

 

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သြဂုတ် ၁၈ ရက် ည ၉ နာရီခန့်က ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီ ကားလမ်းသွား မိုင်တိုင်အမှတ် (၃၃/၃၄) ကြား ဆဒုံးလန်န ရေတံခွန်အနီး အလျား ပေ ၁၀၀ ၊ အနံ ပေ ၃၀ ၊ အမြင့် ၁၅ ပေခန့် တောင်ကမ်းပါးပြိုကျခဲ့ကြောင်း သိရသည်။

 

ထို့အတူ ဆဒုံး - ကပိုက်တီကြား လုဂျီကျေးရွာအနီးတွင်လည်း ကမ်းပါးမြေနှင့် ကျောက်တုံးကျောက်ခဲများ ပြိုကျခဲ့သဖြင့် ဆဒုံးမြို့ ဌာနဆိုင်ရာနှင့် ပြည်သူများက ဘူဒိုဇာဖြင့် လမ်းပိတ်ဆို့မှုမရှိစေရန် မြေစာနှင့်ကျောက်တုံး၊ ကျောက်ခဲများကို နံနက် ၉ နာရီက ရှင်းလင်းခဲ့ရာ နံနက် ၁၁ နာရီတွင် ပြီးစီးခဲ့သည်။ ဆဒုံး- ကန်ပိုက်တီကြားရှိ လုဂျီကျေးရွာအနီးရှိ ကမ်းပါးပြိုကျသည့်နေရာနှင့် အထက်ဘာတွန်ကျေးရွာအနီးတွင် ပြိုကျသည့် နေရာများကိုလည်း ဆက်လက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

ကျော်နိုင်ဌေး (ပြန်/ဆက်)