မကွေး ဇန်နဝါရီ ၁၉

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘတ်ဂျက်တွင် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၉ ဒသမ ၉၅ သန်းဖြင့် မကြီးခြေထောက်ကျေးရွာ ကုန်ထုတ်လမ်းအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ဒုတိယပတ်က စတင်ဖောက်လုပ်ခဲ့ရာ ၄၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်သည်။

 

အဆိုပါကုန်ထုတ်လမ်းကို ထွန်းကမ္ဘာလင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီး လမ်းအရှည် ၁ မိုင်၊ လမ်းအကျယ် ၁၂ ပေ၊ မြေနီကျောက်စရစ် ၉ လက်မထု ခင်းခြင်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက လူဦးရေ ၂၂၈၂ ဦး၊ လယ်ယာစိုက်ပျိုးရေးဧက ပေါင်း ၄၆၀ ကို အကျိုးပြုသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာသားငါး မွေးမြူရေး ကုန်ထုတ်လမ်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာဖြင့် ဒေသထွက်ကုန်များကို အချိန်တိုအတွင်း စျေးကွက်သို့ တင်ပို့နိုင်ပြီဖြစ်သည်။

 

အထွေး