မကွေး  ၂၉  ဩဂုတ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာ၌ Cash for Work  စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၄၀၀ ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဇူလိုင်လ စတုတ္ထအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၇၅ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

 

1 (2).jp

 

မကွေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် Cash for Work စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျွန်းပြတ်၊ တည်ပင်ကန်၊ ပဌနဂိုရ်၊ စစ်ကိုးပင်၊ မြစ်သာစည်၊ မင်းရွာ၊ ရှားပင်လှ၊ ကြာကန်၊  ကြူချောင်းရွာမ၊ လက်ဆည်ကန်၊ သက်ရင်းတော၊ အောင်ပန်းပင်၊ စိတ်ကြည်၊ ဂျုတ်ကုန်း စသည့် ကျေးရွာ(၁၄)ရွာ၌ ကျေးရွာတစ်ရွာလျှင် Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ထောက်ပံ့ကာ ကျေးရွာအဝင်နှင့် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ခုနစ်ခု၊ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းနှစ်ခု၊ မြေသားရေကန် တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်း ငါးခု စုစုပေါင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း(၁၄)ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအားလုံး  ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း  မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုး ပြောပြချက်အရ သိရသည်။

 

1 (3).jp

 

ကျွန်မတို့ ဦးစီးဌာနအနေနဲ့တော့ Cash for Work စီမံကိန်းကို နိုင်ငံတော်၏ COVID-19 Economic Relif Plan (CERP)အရ ကျေးလက်နေပြည်သူတွေ COVID-19 ရောဂါကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းသက်သာစေဖို့နဲ့ ဝင်ငွေရရှိစေဖို့ ရည်ရွယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ ဆောင်ရွက်နေတာပါ၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်တဲ့ ကျေးရွာမှာရှိတဲ့ ပြည်သူတွေ COVID-19 ကာအတွင်း အလုပ်လက်မဲ့ဖြစ်နေသူတွေ၊ ဝင်ငွေမရှိတဲ့သူတွေ၊ အမျိုးသမီး ဦးဆောင်တဲ့ အိမ်ထောင်စုတွေကို ဦးစားပေးကာ စီမံကိန်းလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်စေပြီး ဝင်ငွေရရှိအောင်ဆောင်ရွက်ပေးတာဖြစ်ပါတယ်၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်တဲ့အခါ တစ်နေ့တာ လုပ်အားခအဖြစ် ကျား၊ မ မရွေး လူတစ်ဦးကို ငွေကျပ် ၄၈၀၀ ကနေ ၆၀၀၀ ကျပ်အထိ လက်ငင်းပေးချေ ဆောင်ရွက်ခဲ့တာဖြစ်တယ် လို့ မြို့နယ်ဦးစီးမှူးက ဆက်လက်ပြောပြသည်။

 

1 (4).jp

 

Cash for Work စီမံကိန်းသည် ကိုဗစ်ကာလအတွင်း နိုင်ငံတော်၏ အရေးပေါ်တုန့်ပြန်ရေး အစီအစဉ် တစ်ခုဖြစ်ပြီး COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်ကို အထောက်အကူပြုခြင်း၊ ပြည်သူများချက်ချင်း ဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် လာခြင်းတို့ကို အထောက်အကူပြုမည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)

 

 1 (6).jpg1 (5).jpg