မကွေး  ၂၂  ဇွန် 

 

မကွေးမြို့၊ နတ်မောက်လမ်းမကြီးနှင့် ပေ(၇၀ဝ)ခန့်ကွာဝေးပြီး ဖန်ခါးမြေဂေါက်ကလပ်အရှေ့ဘက်ရှိ ဧရာဝတီအဆင့်မြင့်အိမ်ရာတိုက်ခန်းများကို ရစ်ချက်တာစကေး(၇)အဆင့် ငလျင်ဒဏ်ခံနိုင်သည်အထိ တည်ဆောက်ထားပြီး တိုက်ခန်းပေါင်း(၁၁၀)ရှိသည့်အနက် တစ်ဝက်ကျော်ကိုရောင်းချပြီးဖြစ်ကာ ကျန်တိုက်ခန်း(၅၂)ခန်းကို ကမ္ဘောဇဘဏ်(၁)နှင့်ချိတ်ဆက်၍  ၅ နှစ်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အိမ်ရာတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

“ အိမ်ရာတိုက်ခန်းကို စဝယ်မယ်ဆိုရင် ဘဏ်နဲ့ချိတ်ဆက်ပြီး ၃၀ ရာခိုင်နှုန်း စသွင်းရပါမယ်။ ၃၀ ရာခိုင်နှုန်းကိုတောင်မှ ၆ရစ်ခွဲပြီး ပေးနိုင်ပါတယ်။ ကျန်ငွေကို ၅နှစ်ခွဲပြီး ဆပ်ရမှာပါ။ ဝယ်ချင်ပေမယ့် မတတ်နိုင်တဲ့ အခြေအနေတွေရှိနေရင်လည်း ညှိနှိုင်းရောင်းချပေးသွားပါမယ်။ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို အကောင်းဆုံးသုံးထားပြီး ရစ်ချက်တာစကေး(၇) အဆင့် ငလျင်ဒဏ်ကိုတောင် ခံနိုင်ရည်ရှိအောင် ဆောက်လုပ်ထားပါတယ် ” ဟု ဧရာဝတီအဆင့်မြင့်အိမ်ရာတာဝန်ရှိသူ ဦးဟန်မောင်က ပြောသည်။

 

စတုရန်းပေ(၈၇၆)ရှိ တိုက်ခန်းများတွင် Master Bed Room တစ်ခန်း၊ ရိုးရိုးအိပ်ခန်း(၁)ခန်း၊ မီးဖိုချောင်၊ ဧည့် ခန်းတို့ပါဝင်ပြီး လက်ငင်းငွေချေစနစ်ဖြင့် ငွေကျပ်(၃၂၅)သိန်း၊ အရစ်ကျစနစ်ဖြင့်(၃၅၀)သိန်း ကျသင့်မည်ဖြစ်ကြောင်း၊ စတုရန်း ပေ(၁၂၂၀)ရှိ တိုက်ခန်းများတွင် Master Bed Room တစ်ခန်း၊ ရိုးရိုးအိပ်ခန်း(၂)ခန်း၊ မီးဖိုချောင်၊ ဧည့်ခန်းနှင့် ဘုရားခန်းများ ပါဝင်မည်ဖြစ်ကာ လက်ငင်းစနစ်ဖြင့် ငွေကျပ်(၄၂၅)သိန်း၊ အရစ်ကျဈနစ်ဖြင့်(၄၅၀)သိန်း ကျသင့်မည်ဖြစ်သည်။

 

“ ဒီအိမ်ရာမှာနေထိုင်တဲ့သူတွေအတွက် ဝန်ဆောင်မှုကတော့ ကိုယ်ပိုင်ရေမီတာ၊ လျှပ်စစ်မီတာ၊ ကိုယ်ပိုင် ကားပါကင်တွေ ပေးထားပါတယ်။ အိမ်ရာအတွင်းမှာ မီနီမားကတ်၊ အဆင့်မြင့်ရေကူးကန်၊ ကလေးကစားကွင်း၊ ပန်းခြံ၊ ဓမ္မာရုံတွေကိုလည်း ထည့်သွင်းပေးထားပြီး လုံခြုံရေးအနေနဲ့လည်း  ၂၄ နာရီအပြည့် အဝပေးထားမှာဖြစ်ပါတယ်။ တိုက်ခန်းတွေ ကို နှစ်ခန်းတွဲကျောကပ်တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ဝယ်ယူတဲ့အခန်းအားလုံးဟာ လေဝင်လေထွက်ကောင်းတဲ့ ထောင့်ခန်း တွေပဲဖြစ်ပါတယ် ။ ဝိုင်းလွတ်ဝယ်ချင်တယ်ဆိုရင်လည်း သိန်း ၅၀ဝ တန် ဝိုင်းကွက် ၆ ကွက် ရောင်းဖို့ကျန်နေပါသေးတယ် ” ဟု အိမ်ရာတာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုဟန်ချိုက ရှင်းပြသည်။ 

 

ရင်းနှီးမြုပ်နှံလိုသူများ၊ သားသမီးကို အမွေပေးလိုသူများ၊ အငှားအိမ်ရာဖြင့် စီပွားရေးလုပ်ကိုင်လိုသူများ၊ မကွေးမြို့ရှိ တက္ကသိုလ်များတွင် အဝေးမှလာရောက်ပညာသင်ကြားမည့် ကျောင်းသားကျောင်းသူများအတွက် နေထိုင်စရာ စီစဉ်ပေးလိုသူများ၊ လုံခြုံအေးချမ်းစွာနေထိုင်လိုသူများအနေဖြင့် တိုက်ခန်းများဝယ်ယူလိုပါက ဖုန်း ဝ၉၅၃၄၀၉၈၃ နှင့် ဝ၉ - ၄၃၀၂၆၄၈၈ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။

 

ဇေယျတု(မကွေး)

 

IMG_18