မကွေး   ၂၂  မေ    


မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးချိုအုပ်စု၊ ဇီးပွားရွာ၊ ဓါတ်မြူးရန်အောင် ဂွေးချိုတောင်တော်ပေါ်တွင် ကိန်းဝပ်စံပယ်တော်မူသော အလောင်းစည်သူမင်းတရားကြီးအား သိကြားမင်းမှ ဆက်သထားသည့် နန်းဦးဆုတောင်းပြည့် ရှင်ပင်မဟာ ဒက္ခိဏဿာခါ မိုးကောင်းဘုရားကြီးအား မကွေးတိုင်းဒေသကြီးအစိုးရဖွဲ့မှ ကြီးမှူး၍ မကွေးမြို့သူ မြို့သားများမှ စုပေါင်းကာ မကွေးမြသလွန်ဘုရား ရင်ပြင်တော်ရှိ မဟာဝိဇယရံသီ တန်ဆောင်းတော်တွင် မေ ၂၁ မွန်းလွဲပိုင်းက ပင့်ဆောင်ပူဇော်ခံ ရောက်ရှိပြီး (၃)ရက်တိုင်တိုင် ကိန်းဝပ်စံပယ်တော်မူမည်ဖြစ်သည်။

 

1

 


ကိန်းဝပ်ဆံပယ်တော်မူသည့် ကာလအတွင်း သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်ဖတ်ပူဇော်ခြင်း၊ အစရှိသဖြင့် ပူဇော်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

 

1

 


မကွေးတိုင်းဒေသကြီးအတွင်း အပူချိန်များ မြင့်မားနေ၍ မိုးများရွာသွန်းကာ စိုက်ပျိုးသီးနှံများ၊ စပါးများ အောင်မြင်ဖြစ်ထွန်းစေရန်အလို့ငှာ မိုးကောင်းဘုရားကြီးအား နှစ်စဉ်နှစ်တိုင်း ပင့်ဆောင်ပူဇော် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။ 


သန်းနိုင်ဦး(ငဖဲ)

 

1

 

1