မကွေး ဒီဇင်ဘာ ၄
ပညာရေးဝန်ကြီးဌာန ဆရာအတတ်သင်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပထမနှစ်မှ စတုတ္ထနှစ်အထိ နိုဝင်ဘာ ၂၄ ရက်မှစတင်၍ ဖွင့်လှစ်လျက်ရှိရာ ယနေ့အထိ ကျောင်းသား ကျောင်းသူ ၁၂၀၀ ခန့် တက်ရောက်သင်ကြား လျက်ရှိသည်။
မကွေးပညာရေးဒီဂရီကောလိပ်တွင် တက်ရောက်သင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများသည် စတုတ္ထနှစ် အောင်မြင်ပြီးစီးပါက B.A(Education)နှင့် B.Sc(Education)ဘွဲ့များ အပ်နှင်းခံရပြီး အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော အလယ်တန်းပြ ဆရာ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


