ဆော  ၁၂   စက်တင်ဘာ

 

လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး အထောက်အကူဖြစ်စေရန်နှင့် လူစုလူဝေးဖြစ်ပေါ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်စေရန် စက်တင်ဘာ ၁၄ ရက်မှစ၍ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များကို ဆိုင်ထိုင်စနစ်အစား ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုတော့မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့က သိရသည်။

 

ဆောမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများ၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင် (အရက်၊ဘီယာစသည့် ယမကာဆိုင်များအပါအဝင်)နှင့် လက်ဖက်ရည်ဆိုင်များအား Take Away (ပါဆယ်)စနစ်ဖြင့် ရောင်းချရန် ယမန်နေ့က လူမှုကွန်ယက်ကနေ ကြိုတင်အသိပေး ကြေညာထားကြောင်းနှင့် သက်ဆိုင်သူများထံ တရားဝင်အကြောင်းကြားခြင်းကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်နိုင်ထံမှသိရသည်။

 

ဇော်မျိုးသန့်(ဆော)