မကွေး ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဌာနတွင်း ရက်တိုမွမ်းမံ သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၁၃ ရက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ လူမှုရေးရာ ဝန်ကြီး၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ သင်တန်းကို တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၇၄ ဦးအား ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ကိုစည်သူ(မကွေး)


