မကွေး         ဇူလိုင်       ၂၇

 

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးမြို့ နန်းထိုက်သူ ဟော်တယ်အနီး ဧရာဝတီမြစ်ကမ်းစပ်တွင် ဇူလိူင် ၂၇ ရက် နံနက်ပိုင်းက  ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲသို့ တက်ရောက်ခဲ့သည်။

 

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဧရာဝတီမြစ်အတွင်း ကြီးထွားမှုနှုန်း မြန်ဆန်သည့် ငါးသားပေါက်များဖြစ်သည့် ငါးမြစ်ချင်း ကောင်ရေ တစ်သိန်း၊ ထိုင်းငါးခုံးမ ကောင်ရေ နှစ်သိန်းငါးသောင်း၊ ရွှေဝါငါးကြင်းကောင်ရေ တစ်သိန်းငါးသောင်း စုစုပေါင်း ငါးမျိုးစိုက်ကောင်ရေ ငါးသိန်း စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

 

ကိုအောင်