မကွေး ဩဂုတ် ၃၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဒုတိယနေ့)အဖြစ် ဩဂုတ် ၂၉ ရက် နံနက် ၉ နာရီမှစတင်၍ မကွေးမြို့ မြို့တော်ခန်းမနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပန်းဟေဝန်ခန်းမတို့တွင် ဆက်လက်ယှဉ်ပြိုင်သည်။
ယနေ့ ဒုတိယနေ့ပွဲစဉ်များအဖြစ် အဆိုပြိုင်ပွဲများအနေဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် (အဆင့်မြင့်ပညာ) တေးသီးချင်းများနှင့် ခေတ်ဟောင်း/ကာလပေါ် တေးသီးချင်းများဖြင့် လည်းကောင်း၊ အတီးပြိုင်ပွဲအနေဖြင့် အခြေခံပညာ ဆိုင်းအဖွဲ့လိုက်၊ ဝါသနာရှင် ဆိုင်းအဖွဲ့လိုက်၊ အခြေခံပညာ ဆိုင်းတစ်ဦးချင်းနှင့် အဆင့်မြင့်ပညာ ဆိုင်းတစ်ဦးချင်းပွဲစဉ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)