မကွေး ၁၄  သြဂုတ်

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခရိုင်၌ COVID-19 ကပ်ရောဂါကာလအတွင်း ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အမှုပေါင်း ၁၉ မှု အရေးယူထားကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ က သိရသည်။

 

မကွေးခရိုင်အတွင်း၌ အမှု(၄)မှု၊မင်းဘူးခရိုင်(၁)မှု၊ ပခုက္ကူခရိုင်(၉)မှု၊သရက်ခရိုင်(၂)မှု နဲ့ ဂန့်ဂေါ ခရိုင်အတွင်း (၃)မှု အရေးယူထားခြင်းဖြစ်သည်။

 

စည်းကမ်းဖောက်ဖျက်သူများကို သက်ဆိုင်ရာတရားရုံးများက ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ဒါဏ်ငွေ ၅၀ဝ၀ဝ ကျပ်နှင့် ထောင်ဒဏ်တစ်လ ချမှတ်သည့် အမှု(၁)မှု၊ ထောင်ဒဏ် (၃)လ ချမှတ်သည့် အမှု(၁၄)မှု၊ ဒဏ်ငွေ (၅၀ဝ၀)ကျပ်ချမှတ်သည့် အမှု(၃)မှု ရှိကြောင်း ၊ စစ်ဆေးဆဲအမှု(၁)မှုရှိကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

 

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများအလိုက် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ကြပ်မတ်လုပ်ဆောင်လျက်ရှိကြောင်း မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်ထံက သိရှိရသည်။

 

ဇေယျတု( မကွေး)