မကွေး ဩဂုတ် ၂၆
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီးရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအတွက် ထောက်ပံ့ကြေး ပေးအပ်ပွဲကို ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက မကွေးမြို့၊ မူလတန်းကြိုကျောင်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်ဝင်းမြင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများနှင့် ဘိုးဘွားရိပ်သာများမှ ကြီးကြပ်မှုကော်မတီဝင်များနှင့် ဂေဟာမှူးများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများနှင့် စေတနာ မူလတန်း ညကျောင်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ အသီးသီးထောက်ပံ့ပေးအပ်ပြီး စေတနာ့ဝန်ထမ်း တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မကွေးမြို့ မူလတန်းကြိုကျောင်းရှိ ကလေးငယ်များအား မုန့်နှင့်အချိုရည်များ ပေးဝေခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)