မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၉၉ ကျောင်းမှ ဆရာတော်ကြီး များအား ဖူးမြော်၍ ဩဝါဒခံယူပြီး သုတစုံလင်ဗုဒ္ဓဝင် စာမေးပွဲ(ဗဟို) အဆင့်၌ ထူးချွန်ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်
မကွေး ဇွန် ၁၄
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကကြီးမှူးကျင်းပသည့် နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီး အမှူးပြုသော မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၉၉ ကျောင်းမှ ဆရာတော်ကြီးများ အား ဖူးမြော်၍ ဩဝါဒခံယူခြင်းနှင့် သုတစုံလင်ဗုဒ္ဓဝင် စာမေးပွဲ(ဗဟို) အဆင့်နှင့် တိုင်းဒေသကြီးအဆင့် တို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်း အနားကို ယမန်နေ့က အောင်မြေရတနာ ပရိယတ္တိစာသင်တိုက် မဟာအတုလရံသီ ဗိမာန်တော် ကြီး၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သုတစုံလင် ဗုဒ္ဓဝင်စာမေးပွဲဗဟိုနှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နိုင်ငံတော် ဩဝါဒါစရိယ၊ မကွေးမြို့ သံဃာ ရာမကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးနှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် မြို့သစ်မြို့နယ် လဲလူကျောင်း တိုက်ဆရာတော်တို့ထံမှ ဩဝါဒ ကထာ နာယူကြည်ညိုကြ သည်။
ယင်းနောက် လှူဖွယ်ဝတ္ထု ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေတို့ကို ဆက်ကပ်လှူဒါန်းပြီး သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပွဲ ဗဟိုအဆင့်တွင် (ဗုဒ္ဓဝံသဝိသာရဒဘွဲ့) တစ်နိုင်ငံလုံး ဒုတိယဆုရရှိသူ မဟေသာ မျိုးထက်အား ဂုဏ်ပြုဆုငွေကျပ် သိန်း ၅၀၊ မူလတန်းအဆင့် (ဗဟို) တစ်နိုင်ငံလုံး ဆဋ္ဌမဆုရ မဂျူးဂျူးစံ အား ဂုဏ်ပြုဆုငွေ ကျပ် ၂၅ သိန်းနှင့် တိုင်းဒေသကြီးအဆင့်တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများကို ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


