မေ ၁၆

 

မက္ကဆီကိုနိုင်ငံအရှေ့မြောက်ပိုင်းတွင် မေလ ၁၄ ရက်နေ့ မနက်ပိုင်းက နောက်တွဲပါကုန်တင်ယာဉ်နှင့် ဗင်ကာတစ်စီးတို့ တိုက်မှုဖြစ်ပွားသဖြင့် လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့သည်။

 

အဆိုပါယာဉ်မတော်တဆမှုသည် တာမူလီပတ်ပြည်ရှိ အဝေးပြေးလမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုယာဉ်တိုက်မှုကြောင့် ယာဉ်နှစ်စီးမီးလောင်ကျွမ်းခဲ့သည်။

 

၎င်းယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများရောက်ရှိခဲ့ကြောင်းနှင့် ထိုယာဉ်များသည် အမေရိကန်နိုင်ငံသို့ ဦးတည်သွားနေခြင်းဖြစ်ပြီး  တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို တင်ဆောင်လာသောယာဉ်များဖြစ်ကြောင်း ဖော်ပြထားသည်။

 

နိုင်ငံတောင်ပိုင်း ချီပတ်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်က နောက်တွဲပါကုန်တင်ယာဉ် မတော်တဆမှုကြောင့် လူ ၅၀ ကျော်သေဆုံးခဲ့သည်ဟု သိရသည်။ ထိုမတော်တဆမှုကြောင့် သေဆုံးသူများအနက် အများစုသည် ရွှေ့ပြောင်းနေထိုင်သူများဖြစ်သည်ဟု ယူဆရသည်။

 

စုံစမ်းစစ်ဆေးရေးအဖွဲ့က နောက်ဆုံးဖြစ်ပွားသည့် ယာဉ်မတော်တဆမှုတွင် ရွှေ့ပြောင်းနေပြောင်းနေထိုင်သူများ ပါဝင်မှုရှိ၊မရှိ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို