ဝါရှင်တန် မတ် ၄
မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့အပေါ်ချမှတ်လိုက်သော စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းသည် မတ် ၄ ရက်တွင် စတင်အသက်ဝင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များကို ပြောကြားလိုက်သည်။
အပြန်အလှန်အခွန်စည်းကြပ်မှုများကို ဧပြီ ၂ ရက်တွင် စတင်သွားမည်ဖြစ်ကြောင်းလည်း အမေရိကန်သမ္မတ ထရမ့်က ထပ်လောင်းပြောကြားလိုက်သည်။
ကနေဒါစွမ်းအင်ထုတ်ကုန်များအတွက် အထူးစည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းတိုးမြှင့်မှုနှင့်အတူ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ တင်သွင်းသည့်ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည့် သမ္မတ အမိန့်တစ်ရပ်ကို ဖေဖော်ဝါရီ ၁ ရက်တွင် သမ္မတထရမ့်က လက်မှတ်ရေးထိုး ခဲ့သည်။
နှစ်နိုင်ငံ အခွန်ကိစ္စညှိနှိုင်းဆွေးနွေးမှုအတွက် အချိန်ပိုမိုရရှိရန် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ ကုန်ပစ္စည်းများအပေါ် ထပ်တိုးအခွန်စည်းကြပ်မှုကို တစ်လကြာဆိုင်းငံ့သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ထရမ့်က ကြေညာခဲ့သည်။
ဆင်ဟွာ