ဝါရှင်တန်   မတ်   ၄

မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့အပေါ်ချမှတ်လိုက်သော စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းသည် မတ် ၄ ရက်တွင် စတင်အသက်ဝင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌  သတင်းထောက်များကို ပြောကြားလိုက်သည်။

အပြန်အလှန်အခွန်စည်းကြပ်မှုများကို ဧပြီ ၂ ရက်တွင် စတင်သွားမည်ဖြစ်ကြောင်းလည်း  အမေရိကန်သမ္မတ ထရမ့်က   ထပ်လောင်းပြောကြားလိုက်သည်။

ကနေဒါစွမ်းအင်ထုတ်ကုန်များအတွက် အထူးစည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းတိုးမြှင့်မှုနှင့်အတူ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ တင်သွင်းသည့်ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည့် သမ္မတ အမိန့်တစ်ရပ်ကို ဖေဖော်ဝါရီ ၁ ရက်တွင် သမ္မတထရမ့်က လက်မှတ်ရေးထိုး ခဲ့သည်။

နှစ်နိုင်ငံ အခွန်ကိစ္စညှိနှိုင်းဆွေးနွေးမှုအတွက်  အချိန်ပိုမိုရရှိရန် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ ကုန်ပစ္စည်းများအပေါ် ထပ်တိုးအခွန်စည်းကြပ်မှုကို တစ်လကြာဆိုင်းငံ့သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ထရမ့်က ကြေညာခဲ့သည်။                               

ဆင်ဟွာ