ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၅

 

မလေးရှားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကီလန်တန်ပြည်နယ်၌ ရေကြီးမှုဖြစ်ပွားခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ဒီဇင်ဘာ ၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီအထိ လူပေါင်း ၄၆၃၁ ဦး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ ကြောင်း ယနေ့ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။

 

ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်သော လူပေါင်း  ၄၆၃၁  ဦးသည် ရေကြီးမှုကယ်ဆယ်ရေးစင်တာ ၁၂ ခုတွင် ခိုလှုံလျက်ရှိကြောင်း မလေးရှားနိုင်ငံ လူမှုဖူလုံရေးဌာနက ပြောကြားသည်။

 

မကြာသေးမီရက်သတ္တပတ်အနည်းငယ် အတွင်းက  နိုင်ငံ၏အရှေ့ဘက်ကမ်းရိုးတန်းတွင် ဆိုးရွားသော ရာသီဥတုဒဏ်ကိုခံခဲ့ရသဖြင့် ပြည်နယ်အများအပြားတွင် ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပေါ် နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အရှေ့မြောက်မုတ်သုံလေသည် ပုံမှန်အားဖြင့် အောက်တိုဘာလမှ မတ်လအထိ ဝင်ရောက်လေ့ရှိပြီး မြောက်ပိုင်းပြည်နယ်များနှင့် အရှေ့ဘက်ကမ်းရိုးတန်းတို့တွင် လေပြင်းတိုက်ခတ်ကာ ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဟု မလေးရှားနိုင်ငံ မိုးလေဝသဌာနက ခန့်မှန်းထားကာ မိုးရွာသွန်းမှုဆိုင်ရာ သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်