နိုဝင်ဘာ ၁၆

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၅၂ ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူပေါင်း ၄၉၅၃၄၁၈ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနကပြောကြားသည်။

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် သုံးဦးသည် ပြည်ပပြန်ကူးစက်မှုဖြစ်ပြီး ၂၈၄၉ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၂ ဦး ထပ်မံသေဆုံးခဲ့သဖြင့် နိုင်ငံအတွင်း ယင်းရောဂါဖြင့်သေဆုံးသူပေါင်း ၃၆၅၆၆ ဦး ရှိလာသည်ဟု သိရသည်။

ရောဂါကူးစက်ဖြစ်ပွားသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူပေါင်း ၄၈၈၈၉၃၈ ဦးရှိလာကြောင်း ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းတွင် ရောဂါဖြစ်ပွားဆဲလူနာ ၂၇၉၁၄ ဦးရှိပြီး  ၉၇ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို