မိတ္ထီလာ သြဂုတ် ၂၇

 

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာခရိုင် မလှိုင်မြို့နယ်  ကျောင်းစု(အနောက်)ကျေးရွာတွင် စိုက်ဧက ၂၅၀မှ ထွက်ရှိသည့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရေး ဆောင်ရွက် လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

 

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မလှိုင်မြို့နယ် တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် ၄၂ ဒသမ ၈၈ သန်းဖြင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်၍ တင်ဒါအောင်မြင်သည့် MKT Global Engineeing ကုမ္ပဏီကတာဝန်ယူပြီး အရှည် (၀/၄.၅) မိုင်ရှိသည့် ကျောင်းစု(အနောက်)ကျေးရွာ ကုန်ထုတ်လမ်းကို မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်းနှင့် အရှည် ပေ ၆၀ ၊ အကျယ် ပေ ၂၀ ရှိ ရေကျော်တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဇွန်လတတိယပတ်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းခင်းလုပ်ငန်းနှင့် ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းပြီးစီး၍ ကျောင်းစု(အနောက်)ကျေးရွာနှင့် အနီးပတ်ဝန်ကျင်းရှိ ကျေးရွာများ၏  စိုက်ပျိုးဧက ၂၅၀ မှ ထွက်ရှိ သည့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)