မလှိုင်  ၂၀  သြဂုတ်

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲ ၂၁၀ ကျော်ခန့်အပ်သွားမည်ဖြစ်ကြောင်း မလှိုင်မြို့ မြို့နယ် ရဲတပ်ဖွဲ့မှူး ထံမှ သိရသည်။

 

မိတ္ထီလာခရိုင်မှာ မဲရုံပေါင်း  ၂၁၀ ခုရှိတဲ့အတွက် အထူးရဲ ၂၁၀ ကျော် ခန့်အပ်သွားပြီး အကြောင်းအမျိုးကြောင့်ပျက်ကွက်ခဲ့ပါက အစားထိုးနိုင်ရန် ၂ ရာခိုင်နှုန်း အပိုစုဆောင်းထားတယ်လို့ မလှိုင်မြို့နယ် ရဲတပ်ဖွဲ့ရဲမှူး ဇော်နိုင်က ပြောကြားသည်။

 

 အားလုံးကို သတ်မှတ်အရည်အချင်းနဲ့ ပြည့်မှီမှု ရှိ/မရှိ စစ်ဆေးထားပြီး အထက်က ညွှန်ကြားချက်ရတာနဲ့ သင်တန်းပို့ချပေးသွားမယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲကာလမှာ ခန့်အပ်မဲ့ အထူးရဲတပ်ဖွဲ့ဝင်တွေက စတင်ရွေးခြယ်ခန့်အပ်တဲ့နေ့မှ စတင်ပြီး အခြေခံရဲတပ်သား လစာ ၁၄၄၀၀၀ အပြင် စားစရိတ် ၁၈၀၀ ကျပ် ရရှိမှာဖြစ်တယ်လို့ ဆက်လက်ရှင်းပြသည်။

 

အထူးရဲတပ်ဖွဲ့ဝင်တွေကို ရွေးချယ်ရန်အတွက် မြို့နယ်ရဲမှူး ဇော်နိုင်မှ ရွေးချယ်ရေးအဖွဲ့ ဥက္ကဌ အဖြစ်တာဝန်ယူထားပြီး မလှိုင်မြို့ မြို့မစခန်းမှူး ဒုရဲမှူး သန်းထွန်းက အတွင်းရေးမှူး မြို့နယ်ထွေအုပ် ဒုဦးစီး ဦးအောင်ကျော်လွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးလှမျိုးဦး မြို့နယ်အရေးပေါ်ကာလ တုန့်ပြန်ရေးအဖွဲ့ဝင် ဦးကျောက်ခဲ မြို့မိ​မြို့ဖ ဦးမျိုးတင့် တို့မှ အဖွဲ့ဝင်များအဖြစ် တာဝန်ယူသွားမည် ဖြစ်ကြောင်း မြို့နယ်ရဲမှူး ဇော်နိုင် ထံမှ သိရှိရသည်။

 

ဘိုဘို(မလှိုင်)