မလှိုင် ၈ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ဒုတိယအကြိမ် Clean Up Challenge ကို ယနေ့နံနက် ၆.ဝဝနာရီမှ ၈.ဝဝ နာရီအထိ စစ်မူထမ်းဟောင်း အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်ယာသာယာရေးအဖွဲ့များနှင့် စိတ်ဝင်စားသူ ပရဟိတလူငယ်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မလှိုင်မြို့တွင် ဒုတိယအကြိမ် Clean Up Challange ကို ရပ်ကွက်ကြီး ၁၊ နယ်မြေ ၈ ရှိ ဘီအိုစီ လမ်းဆုံ ( ဒေသခေါ်)မှ မိတ္ထီလာ-ပြင်စည်သွားကားလမ်း ခရိုင်ချင်းဆက်လမ်းဆုံ ( ဒေသခေါ် ကံကြီးလမ်းဆုံ) အထိ ကားလမ်းဘေး ဝဲယာတစ်လျှောက် ချုံနွယ်များ ရှင်လင်းခြင်း၊ အမှိုက်ကောက်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများကို စစ်မူထမ်းဟောင်းအဖွဲ့ဝင် အင်အားအယောက်၂၀၊ မီးသတ်တပ်ဖွဲ့ဝင် အင်အားအယောက် ၂ဝ၊ မြို့နယ်စည်ပင်သာယာမှ အင်အား၂၂ယောက်နှင့် စိတ်ဝင်စားသူ ပရဟိတလူငယ်များ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စုစုပေါင်းအင်အား ၆၀ခန့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

 

Clean Up Challange တွင် ပူးပေါင်းပါဝင်ဆောင်ရွက်သူများကို မြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများမှ ကောက်ညှင်းထုပ်များဖြင့် ဧည့်ခံခဲ့သည်ဟု စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ဦးစိုးမြင့်ထံမှ သိရသည်။

 

မောင်သိန်း ( မလှိုင်)