ဘားအံ ၁ ဒီဇင်ဘာ
ငါးမျိုးပြုန်းတီးခြင်းမှ ကာကွယ်နိုင်ရန်နှင့် ငါးမျိုးပွားများစေရန်အတွက် မွန်-ကရင် ပြည်နယ်အစိုးရ အဖွဲ့၏ ခွင့်ပြုချက်များအရ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းဖုန်းကျေးရွာအုပ်စု၊ ဝင်းဖုန်းကျေးရွာနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ သစ်ဖြူပင်ဆိပ်ကျေးရွာ၊ ဓာတ်ကျိုက်ဂူ အနီး၊ ဒုံသမိချောင်းအရှည် ပေ ၂၅၀၀၊ ဧရိယာ ၁၁ ဒသမ ၄၄၆ ဧက၊ စမှတ် 17 01' 40.09''N 97 28' 05.14''E၊ ဆုံးမှတ် 17 01' 53.13'' N 97 28' 21.85'' E ကို ငါးဘေးမဲ့ဇုန်(Protected Area)အဖြစ် ပိုစတာစိုက်ထူခြင်း အခမ်းအနားအား နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မွန် - ကရင် ပြည်နယ်/ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဓာတ်ကျိုက်ဂူ ဆရာတော်နှင့် ဂေါပက အဖွဲ့ဝင်များ၊ နှစ်ဖက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ငါးလုပ်ငန်းဦးစီးဌာန


