မြန်အောင်   ဇန်နဝါရီ   ၈

မြန်အောင်မြို့နယ်၊ အင်ပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးရုံး အဆောက် အအုံသစ် ဆောက်လုပ်ခြင်းလုပ်ငန်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက ၁ ရပ်ကွက်၊ အောင်ဧရာလမ်းနှင့် ဝိဇ္ဇာလမ်းထောင့်ရှိ အဆိုပါရုံးဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပသည်။

အဆိုပါ ပန္နက်တင် မင်္ဂလာအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်နှင့် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာများတွင် ပန္နက်တင် ပေးကြသည်။ အဆိုပါ ရုံးအဆောက်အအုံသစ်အား အလျား ပေ ၁၂၀၊ အနံ ၃၅ ပေနှင့် အမြင့် ၁၂ ပေ ရှိ RC တစ်ထပ်အဆောက်အအုံအဖြစ် ရွှေသွယ်စိုးဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဘတ်ဂျက်တိုကာလအတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းဇော်ထွန်း(ပြန်/ဆက်)