မြန်အောင် ၇ ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇူလိုင် ၆ ရက် ညနေက ဟင်္သာတခရိုင် မြန်အောင်မြို့နယ် တာခွတဲကြီးကုန်းကျေးရွာအုပ်စု စက်မှုလယ်ယာစနစ်ကျ လယ်မြေဧက (၂၀ဝ)တွင် စက်မှုလယ်ယာဦးစီးဌာနမှ မျိုးစေ့ချစက်ဖြင့် ပျိုးထားသော ပျိုးပင်များကို ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းကို ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။

 

880

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ရေနံမြေ တွင်းအမှတ်(၁၇၄) တွင်းပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုကြည့်ရှုရာ မြန်အောင်ရေနံမြေ အထွေထွေမန်နေဂျာ ဦးလှမျိုးထွန်းနှင့် ဘူမိဗေဒအရာရှိ ဦးကိုကိုဦး၊ အင်ဂျင်နီယာမှူး (ထုတ်လုပ်ရေး) ဦးမျိုးလွင်တို့က ရေနံထွက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တွင်းသစ်တူးဖော်မည့် တွင်းအမှတ်(၁၇၅) တူးဖော်မည့်နေရာ ပြင်ဆင်နေမှုတို့ကို ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

ဝင်းဗိုလ် (ပြန်/ဆက် မြန်အောင်)

132